EPL တစ်လတာအကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ တန်ဟက်နဲ့ ရက်ရှ်ဖို့ဒ်

မန်ယူနည်းပြအဲရစ်တန်ဟက်နဲ့ အသင်းတိုက်စစ်မှုးမားကပ်စ်ရက်ရှ်ဖို့ဒ်တို့ဟာ

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုတွေကို

သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ၅၂ နှစ်အရွယ် တန်ဟက်ဟာ မန်ယူနည်းပြဘ၀

ပထမဆုံး ၂ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲဆက်အနိုင်နဲ့ ပြန်လည်

ရုန်းထနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့သြဂုတ်တုန်းက လီဗာပူးနဲ့ဆောက်သမ်တန်တို့ကို

နိုင်ခဲ့တဲ့ တန်ဟက်ရဲ့အသင်းဟာ ဒီလထဲမှာတော့ လက်စတာနဲ့ အာဆင်နယ်တို့ကို

အနိုင်ရခဲ့ပါတယ်။ တန်ဟက်ဟာ ဖာဂူဆန်ခေတ်နောက်ပိုင်း ပရီးမီးမီးယားလိဂ်

တစ်လတာအကောင်းဆုံးနည်းပြဆုရဖူးတဲ့ ဒုတိယမြောက်မန်ယူနည်းပြ

ဖြစ်လာခဲ့တာပါ။ ဖာဂီခေတ်နောက်ပိုင်း တစ်လတာဆုရတဲ့ပထမဆုံးနည်းပြက

၂၀၁၉ ဇန်နဝါရီက ဆိုးလ်ရှားဖြစ်ပါတယ်။ နယ်သာလန်သားနည်းပြဟာ

ဒီဆုအတွက် စပါးနည်းပြကွန်တီနဲ့ ဘုန်းမောက်ယာယီနည်းပြဂယ်ရီအိုနေးလ်တို့ကို

ကျော်ဖြတ်နိုင်ခဲ့တာပါ။ အာဆင်နယ်နဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ၂၄ နှစ်အရွယ်

ရက်ရှ်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို

ရရှိသွားခဲ့ပါတယ်။ တိုက်စစ်ပိုင်း အလယ်ပိုကျတဲ့နေရာမှာ ရက်ရှ်ဖို့ဒ်ကို

တန်ဟက်ကစားခိုင်းစေခဲ့တာဟာ ယူနိုက်တက်အသင်းတိုးတက်မှုမှာ

အဓိကအချက်တစ်ချက်ဖြစ်ခဲ့တာပါ။ ဒဏ်ရာကြောင့် မကြာသေးခင်

နိုင်ငံတကာကြားဖြတ်မှာ မကစားနိုင်ခဲ့တဲ့ အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ

လက်စတာနဲ့ပွဲတုန်းက ဆန်ချိုရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကို

ဖန်တီးပေးခဲ့သလို အာဆင်နယ်နဲ့ပွဲမှာလည်း အန်တိုနီသွင်းခဲ့တဲ့အဖွင့်ဂိုးကို

ဖန်တီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်တုန်းက လီဗာပူးကို ဂိုးသွင်းနိုင်ခဲ့သေးတဲ့

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၉ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

ဒီပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရခဲ့တာပါ။

zawgyi

EPL တစ္လတာအေကာင္းဆုံးဆုေတြကုိ သိမ္းပုိက္ႏုိင္ခဲ့တဲ့ တန္ဟက္နဲ႔ ရက္ရွ္ဖုိ႔ဒ္

မန္ယူနည္းျပအဲရစ္တန္ဟက္နဲ႔ အသင္းတိုက္စစ္မႈးမားကပ္စ္ရက္ရွ္ဖို႔ဒ္တို႔ဟာ

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုေတြကို

သိမ္းပိုက္ႏိုင္ခဲ့ၾကပါတယ္။ ၅၂ ႏွစ္အ႐ြယ္ တန္ဟက္ဟာ မန္ယူနည္းျပဘ၀

ပထမဆုံး ၂ ပြဲစလုံးကို ရႈံးနိမ့္ခဲ့ေပမယ့္ ေနာက္ဆုံး ၄ ပြဲဆက္အႏိုင္နဲ႔ ျပန္လည္

႐ုန္းထႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ၾသဂုတ္တုန္းက လီဗာပူးနဲ႔ေဆာက္သမ္တန္တို႔ကို

ႏိုင္ခဲ့တဲ့ တန္ဟက္ရဲ႕အသင္းဟာ ဒီလထဲမွာေတာ့ လက္စတာနဲ႔ အာဆင္နယ္တို႔ကို

အႏိုင္ရခဲ့ပါတယ္။ တန္ဟက္ဟာ ဖာဂူဆန္ေခတ္ေနာက္ပိုင္း ပရီးမီးမီးယားလိဂ္

တစ္လတာအေကာင္းဆုံးနည္းျပဆုရဖူးတဲ့ ဒုတိယေျမာက္မန္ယူနည္းျပ

ျဖစ္လာခဲ့တာပါ။ ဖာဂီေခတ္ေနာက္ပိုင္း တစ္လတာဆုရတဲ့ပထမဆုံးနည္းျပက

၂၀၁၉ ဇန္နဝါရီက ဆိုးလ္ရွားျဖစ္ပါတယ္။ နယ္သာလန္သားနည္းျပဟာ

ဒီဆုအတြက္ စပါးနည္းျပကြန္တီနဲ႔ ဘုန္းေမာက္ယာယီနည္းျပဂယ္ရီအိုေနးလ္တို႔ကို

ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ အာဆင္နယ္နဲ႔ပြဲမွာ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၂၄ ႏွစ္အ႐ြယ္

ရက္ရွ္ဖို႔ဒ္ကေတာ့ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို

ရရွိသြားခဲ့ပါတယ္။ တိုက္စစ္ပိုင္း အလယ္ပိုက်တဲ့ေနရာမွာ ရက္ရွ္ဖို႔ဒ္ကို

တန္ဟက္ကစားခိုင္းေစခဲ့တာဟာ ယူႏိုက္တက္အသင္းတိုးတက္မႈမွာ

အဓိကအခ်က္တစ္ခ်က္ျဖစ္ခဲ့တာပါ။ ဒဏ္ရာေၾကာင့္ မၾကာေသးခင္

ႏိုင္ငံတကာၾကားျဖတ္မွာ မကစားႏိုင္ခဲ့တဲ့ အဲဒီအဂၤလန္တိုက္စစ္မႈးဟာ

လက္စတာနဲ႔ပြဲတုန္းက ဆန္ခ်ိဳရဲ႕တစ္လုံးတည္းေသာ အႏိုင္ဂိုးကို

ဖန္တီးေပးခဲ့သလို အာဆင္နယ္နဲ႔ပြဲမွာလည္း အန္တိုနီသြင္းခဲ့တဲ့အဖြင့္ဂိုးကို

ဖန္တီးေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ၾသဂုတ္တုန္းက လီဗာပူးကို ဂိုးသြင္းႏိုင္ခဲ့ေသးတဲ့

ရက္ရွ္ဖို႔ဒ္ဟာ ၂၀၁၉ ဇန္နဝါရီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

ဒီပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရခဲ့တာပါ။