EPL မှတ်တမ်းတစ်ခုကြောင့် ဒါဘီပွဲစဉ်မှာ သရဲနီတွေ ကျိန်းသေအောင်ပွဲခံနိုင်မယ်။

တန်ဟက်ရဲ့အသင်းဟာ မကြာသေးခင်ပွဲတွေမှာ တောက်လျှောက်

နိုင်ပွဲဆက်နေပေမယ့် လာမယ့်တနင်္ဂနွေက မန်ချက်စတာဒါဘီမှာ အနိုင်ရဖို့

အပြတ်အသတ်ရေပန်းစားနေတာကတော့ လက်ရှိချန်ပီယံမန်စီးတီးပါ။

ယူနိုက်တက်ဟာ ဒီ့အရင် ပွဲကြီးပွဲကောင်းတွေမှာ လီဗာပူးနဲ့အာဆင်နယ်တို့ကို

အနိုင်ရထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက အိမ်ကွင်းမှာသာဖြစ်ပြီး

အီတီဟတ်က မန်စီးတီးနဲ့ပွဲကတော့ လုံးဝကွဲပြားခြားနားမယ့်စမ်းသပ်မှု

တစ်ခုဖြစ်နေတာပါ။ မန်စီးတီးဟာ ဒီရာသီမှာလည်း ပုံစံကောင်းရနေပြီး

အထူးသဖြင့် အိမ်ကွင်းမှာဆို ပွဲတိုင်းအနိုင်ရထားပါတယ်။

တကယ်တမ်းမှာလည်း ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ

၃ ဂိုးသာပေးထားရပြီး သူတို့ဦးဆောင်ဂိုးပေးခဲ့ရတဲ့ ၂ ပွဲစလုံးမှာလည်း

နောက်က ပြန်လိုက်သွင်းပြီး အနိုင်ရခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးဟာ

အိမ်ကွင်းမှာ နောက်ဆုံးအမှတ်ပြည့်မရခဲ့တာဆိုလို့ ပြီးခဲ့တဲ့ဧပြီက

လီဗာပူးက ၂-၂ သရေပွဲမှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဟာ

၂၀၂၂ ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာ အိမ်ကွင်း ၁ ပွဲသာရှုံးသေးကာ

အဲဒါကလည်း နှစ်စပိုင်းက စပါးကို ရှုံးခဲ့တာပါ။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ်

မှတ်တမ်းတစ်ခုက ဒီပွဲမှာ မန်ယူအနိုင်ရဖို့များနေတယ်လို့ ညွန်းဆိုနေပါတယ်။

အဲဒါကတော့ ပရီးမီးယားလိဂ်က မန်ချက်စတာဒါဘီတွေမှာ ဧည့်သည်တွေက

၂၁ ကြိမ်တောင်နိုင်ခဲ့တာပါ။ ပြိုင်ပွဲသမိုင်းမှာ ဧည့်သည်အသင်း

မကြာခဏ ဒီလောက်နိုင်တဲ့ပွဲမျိုး မရှိသေးပါဘူး။ မန်စီးတီးကို မန်ယူ

နောက်ဆုံးနိုင်ခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲကလည်း အီတီဟတ်မှာ ဖြစ်ပါတယ်။

zawgyi

EPL မွတ္တမ္းတစ္ခုေၾကာင့္ ဒါဘီပြဲစဥ္မွာ သရဲနီေတြ က်ိန္းေသေအာင္ပြဲခံႏုိင္မယ္။

တန္ဟက္ရဲ႕အသင္းဟာ မၾကာေသးခင္ပြဲေတြမွာ ေတာက္ေလွ်ာက္

ႏိုင္ပြဲဆက္ေနေပမယ့္ လာမယ့္တနဂၤေႏြက မန္ခ်က္စတာဒါဘီမွာ အႏိုင္ရဖို႔

အျပတ္အသတ္ေရပန္းစားေနတာကေတာ့ လက္ရွိခ်န္ပီယံမန္စီးတီးပါ။

ယူႏိုက္တက္ဟာ ဒီ့အရင္ ပြဲႀကီးပြဲေကာင္းေတြမွာ လီဗာပူးနဲ႔အာဆင္နယ္တို႔ကို

အႏိုင္ရထားၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒါေတြက အိမ္ကြင္းမွာသာျဖစ္ၿပီး

အီတီဟတ္က မန္စီးတီးနဲ႔ပြဲကေတာ့ လုံးဝကြဲျပားျခားနားမယ့္စမ္းသပ္မႈ

တစ္ခုျဖစ္ေနတာပါ။ မန္စီးတီးဟာ ဒီရာသီမွာလည္း ပုံစံေကာင္းရေနၿပီး

အထူးသျဖင့္ အိမ္ကြင္းမွာဆို ပြဲတိုင္းအႏိုင္ရထားပါတယ္။

တကယ္တမ္းမွာလည္း ဂြါဒီယိုလာရဲ႕အသင္းဟာ ဒီရာသီ အိမ္ကြင္းမွာ

၃ ဂိုးသာေပးထားရၿပီး သူတို႔ဦးေဆာင္ဂိုးေပးခဲ့ရတဲ့ ၂ ပြဲစလုံးမွာလည္း

ေနာက္က ျပန္လိုက္သြင္းၿပီး အႏိုင္ရခဲ့တာပါ။ ဒါ့အျပင္ မန္စီးတီးဟာ

အိမ္ကြင္းမွာ ေနာက္ဆုံးအမွတ္ျပည့္မရခဲ့တာဆိုလို႔ ၿပီးခဲ့တဲ့ဧၿပီက

လီဗာပူးက ၂-၂ သေရပြဲမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး သူတို႔ဟာ

၂၀၂၂ ျပကၡဒိန္တစ္ႏွစ္တာအတြင္းမွာ အိမ္ကြင္း ၁ ပြဲသာရႈံးေသးကာ

အဲဒါကလည္း ႏွစ္စပိုင္းက စပါးကို ရႈံးခဲ့တာပါ။ ဒါေပမဲ့လည္း ပရီးမီးယားလိဂ္

မွတ္တမ္းတစ္ခုက ဒီပြဲမွာ မန္ယူအႏိုင္ရဖို႔မ်ားေနတယ္လို႔ ၫြန္းဆိုေနပါတယ္။

အဲဒါကေတာ့ ပရီးမီးယားလိဂ္က မန္ခ်က္စတာဒါဘီေတြမွာ ဧည့္သည္ေတြက

၂၁ ႀကိမ္ေတာင္ႏိုင္ခဲ့တာပါ။ ၿပိဳင္ပြဲသမိုင္းမွာ ဧည့္သည္အသင္း

မၾကာခဏ ဒီေလာက္ႏိုင္တဲ့ပြဲမ်ိဳး မရွိေသးပါဘူး။ မန္စီးတီးကို မန္ယူ

ေနာက္ဆုံးႏိုင္ခဲ့တဲ့ ၅ ပြဲမွာ ၄ ပြဲကလည္း အီတီဟတ္မွာ ျဖစ္ပါတယ္။