Ian ဟာရီကိန်းမုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူတွေကို လှူဒါန်းမှုပြုလုပ်ပြီး သရဲနီပရိသတ်တွေကို ချွေးသိပ်လိုက်တဲ့ ဂလေဇာ

ဂလေဇာမိသားစုကအမြဲတမ်းဒေါသထွက်ခံလာခဲ့ရသူဖြစ်ပါတယ်။

အထူးသဖြင့်ယူနိုက်တက်ပရိသတ်များဆီကဖြစ်ပါတယ်။

ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ဘီလျှံနာမိသားစုဟာကောင်းမွန်တဲ့

လုပ်ဆောင်မှုတစ်ခုကိုပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်နှင့် Super Bowl နှစ်ကြိမ်ချန်ပီယံTampa Bay Buccaneers

ပိုင်ရှင်ဂလေဇာမိသားစုဟာ မကြာသေးမီတုန်းက Ian ဟာရီကိန်း

မုန်တိုင်းကြောင့်အတိဒုက္ခရောက်နေကြသူများအတွက်ငွေအချို့

လှူဒါန်းလာပါတယ်။ ဟာရီကိန်း Ian ဟာဖလိုရီဒါပြည်နယ်ကိုဝင်မွှေခဲ့ပြီး

နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရသလို လူပေါင်းများစွာရဲ့အသက်ကိုလည်း

နုတ်ယူသွားခဲ့ပါတယ်။ ယခုအခါအချိန်မှာကယ်ဆယ်ရေးလုပ်ငန်းများ

လုပ်ဆောင်နေပေမဲ့လည်းပျောက်ဆုံးနေသူများစွာရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့်လည်းဂလေဇာမိသားစုဟာဖလိုရီဒါမှဟာရီကိန်းဒုက္ခသည်များအတွက်

ဒေါ်လာ၁သန်းအထိလှူဒါန်းမှုပြုလုပ်လာပါတယ်။ တကယ်တော့

အားကစားလောကမှဂလေဇာမိသားစုသာ ဟာရီကိန်းဒုက္ခသည်များကို

လှူဒါန်းခဲ့တာမဟုတ်ပါဘူး။ NFL ဂန္ထဝင်တွမ်ဘရာဒီလည်း ဟာရီကိန်း

ဒုက္ခသည်များအတွက်တတ်နိုင်သလောက်လှူဒါန်းမှုများပြုလုပ်နေတာ

တွေ့ရပါတယ်။ Forbes ရဲ့ဖော်ပြချက်အရဂလေဇာမိသားစုဟာ

ဒေါ်လာ၄.၇ဘီလီယံကျော်ကြွယ်ဝချမ်းသာပါတယ်။

zawgyi

Ian ဟာရီကိန္းမုန္တုိင္းေၾကာင့္ အတိဒုကၡေရာက္ေနသူေတြကုိ လွဴဒါန္းမႈျပဳလုပ္ၿပီး သရဲနီပရိသတ္ေတြကုိ ေခၽြးသိပ္လိုက္တဲ့ ဂေလဇာ

ဂေလဇာမိသားစုကအၿမဲတမ္းေဒါသထြက္ခံလာခဲ့ရသူျဖစ္ပါတယ္။

အထူးသျဖင့္ယူႏိုက္တက္ပရိသတ္မ်ားဆီကျဖစ္ပါတယ္။

ဒါေပမဲ့ဒီတစ္ႀကိမ္မွာေတာ့ဘီလွ်ံနာမိသားစုဟာေကာင္းမြန္တဲ့

လုပ္ေဆာင္မႈတစ္ခုကိုျပဳလုပ္လာခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ႏွင့္ Super Bowl ႏွစ္ႀကိမ္ခ်န္ပီယံTampa Bay Buccaneers

ပိုင္ရွင္ဂေလဇာမိသားစုဟာ မၾကာေသးမီတုန္းက Ian ဟာရီကိန္း

မုန္တိုင္းေၾကာင့္အတိဒုကၡေရာက္ေနၾကသူမ်ားအတြက္ေငြအခ်ိဳ႕

လႉဒါန္းလာပါတယ္။ ဟာရီကိန္း Ian ဟာဖလိုရီဒါျပည္နယ္ကိုဝင္ေမႊခဲ့ၿပီး

ေနအိမ္မ်ားစြာပ်က္စီးဆုံးရႈံးခဲ့ရသလို လူေပါင္းမ်ားစြာရဲ႕အသက္ကိုလည္း

ႏုတ္ယူသြားခဲ့ပါတယ္။ ယခုအခါအခ်ိန္မွာကယ္ဆယ္ေရးလုပ္ငန္းမ်ား

လုပ္ေဆာင္ေနေပမဲ့လည္းေပ်ာက္ဆုံးေနသူမ်ားစြာရွိေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဂေလဇာမိသားစုဟာဖလိုရီဒါမွဟာရီကိန္းဒုကၡသည္မ်ားအတြက္

ေဒၚလာ၁သန္းအထိလႉဒါန္းမႈျပဳလုပ္လာပါတယ္။ တကယ္ေတာ့

အားကစားေလာကမွဂေလဇာမိသားစုသာ ဟာရီကိန္းဒုကၡသည္မ်ားကို

လႉဒါန္းခဲ့တာမဟုတ္ပါဘူး။ NFL ဂႏၴဝင္တြမ္ဘရာဒီလည္း ဟာရီကိန္း

ဒုကၡသည္မ်ားအတြက္တတ္ႏိုင္သေလာက္လႉဒါန္းမႈမ်ားျပဳလုပ္ေနတာ

ေတြ႕ရပါတယ္။ Forbes ရဲ႕ေဖာ္ျပခ်က္အရဂေလဇာမိသားစုဟာ

ေဒၚလာ၄.၇ဘီလီယံေက်ာ္ႂကြယ္ဝခ်မ္းသာပါတယ္။