
လာမယ့်ရာသီအတွက် စီမံကိန်းတွေထဲမှာ စီရော်နယ်လ်ဒိုလည်းပါဝင်တယ်လို့ အဲရစ်တန်ဟက်အတည်ပြု
မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ဟာ လာမယ့် ရာသီအတွက် သူ့ရဲ့စီမံကိန်းတွေထဲမှာ စီရော်နယ်လ်ဒိုပါဝင်နေဆဲဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်၊ နွေရာသီမှာ အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဒီရာသီယူနိုက်တက်ကစားသမားတွေထဲမှာ ဒီဂီယာနဲ့အတူ စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရမှာဖြစ်သလို ပရီးမီးယားလိဂ် (၁၈)ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ(၂၄)ဂိုးအထိသွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက အဲရစ်တန်ဟက်ဟာ စီရော်နယ်လ်ဒိုနဲ့လမ်းခွဲဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခု […]