မိုချန်ဂလာဘတ်အသင်းရဲ့ ဆွစ်ဇာလန်ဝါရင့်ဂိုးသမားကို ယူနိုက်တက် ချိတ်ဆက်နေ

December 6, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုချန်ဂလာဘတ်ဂိုးသမား ဆွမ်မာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်နေပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဆွစ်ဇာလန်လက်ရွေးစင်ဂိုးသမား ဆွမ်မာဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းနဲ့အတူ ပါဝင်ကစားနေပြီး ရှုံးထွက်(၁၆)သင်းအဆင့်ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နံပါတ်(၁)ဂိုးသမား ဒီဂီယာနဲ့အပြိုင်ဖြစ်အောင် ဆွမ်မာကို ခေါ်ယူချင်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ဂျာမန် နာမည်ကျော်သတင်းစာ […]

သူ့ရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ဂတ်ပို အတည်ပြု

December 6, 2022 Wyne 0

နယ်သာလန်အသင်း နာမည်ကျော်ကစားသမား ဂတ်ပိုက သူ့ရဲ့ ကလပ်အသင်းအနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်ချက် ချမှတ်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၄)ပွဲကစား၊ (၃)ဂိုးသွင်းယူခဲ့သလို ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒီရာသီမှာ PSV အသင်းအတွက် (၂၄)ပွဲကစား၊ (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်အထိပြုလုပ်ခဲ့တဲ့ […]

အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ နောက်ခံလူ တဲလက်စ် ကတိပေး

December 6, 2022 Wyne 0

ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူရဖို့ရှိတဲ့ ဘရာဇီးလ် လက်ရွေးစင်နောက်ခံလူ တဲလက်စ်က အရင်ကထက် ပိုကောင်းတဲ့ ခြေစွမ်းနဲ့ ပြန်လာမယ်လို့ သူ့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ တဲလက်စ်ဟာ ဒီရာသီအစက မန်ချက်စတာယူနိုက်တက်ကနေ ဆီဗီလာအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ […]

အိုးလ်ထရက်ဖို့ဒ်ကို အပိုင်သိမ်းဖို့ ဆော်ဒီပိုင်ရှင်တွေ ကာဆယ်ကို လက်လွှတ်မယ်…

December 6, 2022 Wyne 0

နယူးကာဆယ်ကိုပိုင်ဆိုင်တဲ့ Saudi Public Investment Fund(PIF) ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် လက်ရှိကလပ်ကို လက်လွှတ်နိုင်ကြောင်း ဘောလုံးစီးပွားရေးကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့လကပဲ ယူနိုက်တက်ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်ကို ရောင်းမယ်လို့ ကြေညာခဲ့တာပါ။ အဲဒီအတွက်လည်း ဂလေဇာမိသားစုဟာ ချဲလ်ဆီးအရောင်းအဝယ်တုန်းက ကြားခံလုပ်ပေးခဲ့တဲ့ Rain Group […]

သူ့ကို ‘ငလေးကြီး’ဆိုပြီး လှောင်ပြောင်ကြတဲ့ ပြင်သစ်မီဒီယာတွေ နောင်တရသွားအောင် လုပ်ပြမယ့် မက်ဂွိုင်းယား

December 6, 2022 Wyne 0

နာမည်ကြီး အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် လက်ရှိချန်ပီယံပြင်သစ်နဲ့ ဆုံတွေ့မှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပြင်သစ်မီဒီယာတွေက မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းရဲ့ အဓိက အားနည်းချက်ဖြစ်လာမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ‘ငလေးကြီး မက်ဂွိုင်းယားကြောင့် အင်္ဂလန်အသင်း ခံစစ်မှာ ပြဿနာတက်နိုင်တယ်’လို့ ပေါ်ပေါ်တင်တင်ပဲ လှောင်ပြောင်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့လည်း L’Equipe သတင်းစာအနေနဲ့ […]

ဆွစ်ဇာလန်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းကနေ ချန်လှပ်သွားဖို့ရှိနေတဲ့ ဖာနန်ဒိုဆန်းတို့စ်

December 6, 2022 Wyne 0

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုရဲ့ အပြုအမူအပေါ် စိတ်ဆိုးဒေါသ ထွက်နေပြီး စီရော်နယ်လ်ဒိုကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့ရှိသလို ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲမှာလည်း ပွဲထွက်စာရင်းကနေ ချန်လှပ်ဖို့ စဉ်းစားနေပါတယ်။ တောင်ကိုရီးယားကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲ၊ ဒုတိယပိုင်း (၆၅)မိနစ်မှာ ဖာနန်ဒိုဆန်းတို့စ်က စီရော်နယ်လ်ဒိုကို အန်ဒရေဆေးလ်ဗားနဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲခံရချိန်မှာ […]

မန်ချက်နဲ့ ချယ်လ်ဆီးအပြိုင် စိတ်ဝင်စားနေတဲ့ ကိုင်ဆီဒိုအတွက် ဘရိုက်တန် ဈေးသတ်မှတ်

December 5, 2022 Wyne 0

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမားဖြစ်သူ မွိုက်စ် ကိုင်ဆီဒိုအတွက် ဈေးသတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အီကွေဒေါလက်ရွေးစင် ကစားသမားဟာ ၂၀၂၁ ဇန်နဝါရီလကမှ ဘရိုက်တန်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းအတွက် ၂၅ ပွဲသာ ကစားပေးထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ […]

သရဲနီပစ်မှတ် ဂတ်ပိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မာလာစီယာပြောပြီ။

December 5, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူ တိုင်ရယ် မာလစီယာက နယ်သာလန်လက်ရွေးစင်အသင်းဖော် ကိုဒီ ဂတ်ပိုဟာ အမြင့်မားဆုံး အဆင့်မှာ ကစားနိုင်ဖို့ လုံလောက်အောင် ကောင်းမွန်မှုရှိကြောင်း ပြောဆိုလိုက်ပါတယ်။ ဂတ်ပိုဟာ ဒီရာသီ ကလပ်အသင်းမှာ အထူးခြေစွမ်းပြနေပြီး ကမ္ဘာ့ဖလားမှာလည်း အဆိုပါခြေစွမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူအသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားတာကြောင့် […]

အသင်းကြီးတွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် ပင်နယ်တီမလေ့ကျင့်ဘဲ ကမ္ဘာ့ဖလားကစားသွားခဲ့တဲ့ ဂျပန်အသင်း

December 5, 2022 Wyne 0

ဂျပန်အသင်းဟာ ( ၂၀၂၂ )ကမ္ဘာ့ဖလား ( ၁၆ ) သင်း ရှုံးထွက်ပွဲစဉ်မှာ ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်သွားခဲ့ရပါတယ်။ ပထမပိုင်းအတွက် ခြေစွမ်းအသာနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိုင်ဗန် ပယ်ရီဆစ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ( ၁-၁ ) သရေရလာဒ်ထွက်ပေါ်ခဲ့ပါတယ်။ […]

မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်စေချင်တယ်လို့ ဗန်ပါစီ အားပေးထောက်ခံ

December 5, 2022 Wyne 0

နယ်သာလန်တိုက်စစ်မှူးဟောင်းဗန်ပါစီကတော့ ကာတာကမ္ဘာ့ဖလားမှာ မက်ဆီရဲ့အာဂျင်တီးနားအသင်းဗိုလ်စွဲစေချင်တယ်လို့ အံ့အားသင့်ဖွယ် ထောက်ခံပေးလိုက်ပါတယ်။ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာထိပ်တိုက်တွေ့ဆုံနေပြီး ယူနိုက်တက် တိုက်စစ်မှူးဟောင်းကတော့ ဒီပြိုင်ပွဲအတွက် အာဂျင်တီးနားကို တစ်ပေးနေတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။ အာဂျင်တိုင်းတွေဟာ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ထားတယ်ဆိုပေမဲ့ ၁၉၇၈ ခုနှစ်မှာ နောက်ဆုံးရရှိထားတာဖြစ်တယ်။ နယ်သာလန်ရဲ့ကွာတားဖိုင်နယ် အတားအဆီးကိုကျော်ဖြတ်နိုင်ပါက အာဂျင်တီးနားချန်ပီယံဖြစ်နိုင်တယ်လို့ ဗန်ပါစီက သုံးသပ်ခဲ့ပါတယ်။ ဗန်ပါစီက […]