
စောစောစီးစီးအထုတ်ခံရမယ့် နည်းပြတွေထဲမှာ ပါဝင်လာတဲ့ ယူနိုက်တက်နည်းပြသစ်ကြီး
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြရာထူးကနေ စောစောစီးစီး အထုတ်ခံရဖို့ရှိနေတဲ့သူတွေထဲမှာ အဲရစ်တန်ဟက်တစ်ယောက် ပါဝင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရအတွက် ယူနိုက်တက်တာဝန်ရှိသူတွေက နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်ကို ခန့်အပ်ခဲ့ပေမယ့် ရာသီအဖွင့်အိမ်ကွင်းပွဲမှာပဲ ဘရိုက်တန်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အဲရစ်တန်ဟက်ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်က မလှပခဲ့ပါဘူး။ ဘရိုက်တန်နဲ့ပွဲရလဒ်ကြောင့် ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအထုတ်ခံရဖို့ရှိတဲ့ နည်းပြတွေထဲမှာ […]