အမြတ်မတင် သန်း ၄၀ အရှုံးခံပြီး ပင့်ကူနက်ကို ရှင်းထုတ်မယ် …

August 18, 2022 Wyne 0

ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီကပဲလေစ့်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ နောက်ခံလူ အာရွန် ဝမ်ဘစ်ဆာကာကို ယူနိုက်တက်တို့အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။ အမြတ်တင်ပြီး ရောင်းမှာ မဟုတ်ပါဘူး။ ဝယ်ယူစဉ်ကထက် သန်း ၄၀ အရှုံးခံပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ […]

ဆာဗေ့ချ်နဲ့ အစ်ဂ်ဘယ်လ် တို့ကို အသင်းမှာ ဆက်ထိန်းထားမလား? အငှားချသွားမှာလား?

August 18, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ အသင်းရဲ့လူငယ်ကွင်းလယ်လူ (၂)ဦးဖြစ်တဲ့ ချာလီဆာဗေ့ချ်နဲ့ဇီဒန်းအစ်ဂ်ဘယ်လ်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မကြာခင်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဒီကစားသမား(၂)ဦးဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ကြပြီး သူတို့ကို အသင်းမှာ ဆက်ထားမှာလား ဒါမှမဟုတ် ပွဲထွက်ခွင့်ရနိုင်တဲ့ကလပ်တစ်သင်းသင်းဆီ အငှားချမှာလားဆိုတာ တာဝန်ရှိသူတွေက ဆုံးဖြတ်သွားမှာပါ။ Manchester Evening News သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ချာလီဆာဗေ့ချ်ကို အငှားချသွားဖို့ […]

ယူနိုက်တက်ခေါ်ယူလိုနေတဲ့ ပူလီဆစ် အပြောင်းအရွှေ့ကို လက်ခံစဉ်းစားဖို့ရှိပေမယ့် ခပ်တင်းတင်းကိုင်တွယ်မယ့် ချဲလ်ဆီး

August 18, 2022 Wyne 0

ချဲလ်ဆီးဟာမန်ချက်စတာယူနိုက်တက်ကခေါ်ယူလိုနေတဲ့ခရစ္စတီယန် ပူလီဆစ်အပြောင်းအရွှေ့ကိုခပ်တင်းတင်းကိုင်တွယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြဿနာများနှင့်ကြုံနေရတဲ့ယူနိုက်တက်ဟာချဲလ်ဆီးရဲ့ အမေရိကန်စတားကိုအငှားဖြင့်ခေါ်ယူလိုနေပါတယ်။ ချဲလ်ဆီးဟာလည်းအသင်းတွင်အထိုင်မကျဖြစ်နေတဲ့ဒေါ့မွန်စတားဟောင်းရဲ့ အပြောင်းအရွှေ့အတွက်မည်သည့်ကလပ်ရဲ့ကမ်းလှမ်းမှုကိုမဆိုလက်ခံ စဉ်းစားရန်အသင့်ရှိနေပါတယ်။ဒါပေမဲ့ချဲလ်ဆီးဟာပူလီဆစ်ရဲ့အပြောင်းအရွှေ့ကို ခပ်တင်းတင်းကိုင်တွယ်သွားပါမယ်။ ချဲလ်ဆီးဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းက အသက်၂၃နှစ်ရှိပူလီဆစ်အတွက်ဒေါ့မွန်ကိုပေါင်၅၈သန်းပေးခဲ့ရပါတယ်။ ချဲလ်ဆီးဟာပူလီဆစ်မှာယခင်ကဲ့သို့အကောင်းဆုံးပုံစံတွင်မရှိတော့ပေမဲ့လည်း သုံးခဲ့ရတဲ့ပမာဏအတိုင်းပေါင်၅၈သန်းလိုချင်နေပါတယ်။ ချဲလ်ဆီးဥက္ကဌသစ်တော့ဒ်ဘိုလီနှင့်ဘုတ်အဖွဲ့ဝင်များကပူလီဆစ်ကို အငှားချတာမျိုးမလုပ်ချင်ဘဲအပြီးသတ်သာရောင်းထုတ်လိုနေကြပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှယူနိုက်တက်ဟာ ယခုနွေရာသီတွင်အဲရစ်တန်ဟက်အတွက်ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရေးအတွက်ရုန်းကန်ရမှုနှင့်အတူအဲရစ်တန်ဟက်လိုချင်တဲ့ အသင်းသစ်တည်ဆောက်ရေးခက်ခဲနေစေလျက်ရှိပါတယ်။ ယူနိုက်တက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တစ်ဂိုးတည်းသာရရှိထားတာဖြစ်ပြီး ယင်းတစ်ဂိုးမှာလည်း Own Goal မှတဆင့်ရရှိထားတာဖြစ်ပါတယ်။ အမေရိကန်အသင်းခေါင်းဆောင်ပူလီဆစ်ဟာပြီးခဲ့တဲ့ရာသီတုန်းက […]

” သရဲနီတွေမှာ အောင်မြင်မှုကို ဆာလောင်မှုမရှိသလို အနိုင်ရလိုစိတ်လည်း တစ်စက်မှမရှိဘူး ” _ နာနီ

August 18, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ပရိသတ်အချစ်တော်နာနီဟာသူကစားခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်တုန်းကယူနိုက်တက်နှင့်လက်ရှိ ယူနိုက်တက်နှင့်ပတ်သက်ပြီးမေးမြန်းလာချိန်မှာဘာကိုမှမငဲ့ကွဲ့ဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုလာပါတယ်။ လက်ရှိအချိန်တွင်ဩစတြေးလျ ကလပ်မဲလ်ဘုန်းဗစ်တိုးရီးတွင်ကစားနေတဲ့အသက်၃၅နှစ်ရှိပေါ်တူဂီ လက်ရွေးစင်ဟောင်းဟာယူနိုက်တက်တွင်ကစားတဲ့၈နှစ်တာကာလအတွင်းတွင် ပရီးမီးယားလိဂ်ဖလား၄ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ၂၀၁၅ခုနှစ်တွင်ယူနိုက်တက်မှထွက်ခွာသွားခဲ့ပါတယ်။ယူနိုက်တက်ဟာလည်း ယခုအခါဆုဖလားနှင့်ဝေးကွာလာခဲ့တာ၅ရာသီတိုင်တိုင်ရှိပါတယ်။ ၎င်းတို့ဟာလာမယ့်လများအတွင်းတွင်အောင်မြင်မှုနှင့်ဆက်လက် ဝေးကွာလာဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာဘရိုက်တန်ကိုပရီးမီးယားလိဂ် အဖွင့်ပွဲတွင်၂-၁ဖြင့်ရှုံးနိမ့်ပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင် ဘရန့်ဖို့ဒ်ကို၄-ဝဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ရီယိုဖာဒီနန်ရဲ့VIBE WITH FIVE Podcast တွင် အဲရစ်တန်ဟက်ရဲ့အသင်းနဲ့ဆာအဲလက်စ်ဖာဂူဆန်ရဲ့အသင်းတို့အကြားကွဲပြားမှုကို မေးမြန်းလာချိန်တွင်နာနီက “တခါတလေစကားအများကြီးမပြောချင်ဘူး။ ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်မပြောဘူး။ဒါပေမဲ့ဘာဆာလောင်မှု မရှိတာခင်ဗျားလည်းတွေ့မှာပါ။ဘာဆာလောင်မှုမှမရှိဘူး။ […]

နာမည်ကြီး ဘောလုံးသုံးသပ်သူက ကက်စမဲရိုးကို ယူနိုက်တက်ခေါ်ယူမှာကို ကန့်ကွက်

August 18, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်ဟာ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ အလှမ်းဝေးနေသလို အင်ဒရီ ရာဘီယော့ အပြောင်းအရွေ့ကလည်း ပျက်ပြယ်သွားပြီဖြစ်တာကြောင့် လက်ရှိမှာတော့ အပြောင်းအရွေ့ မပိတ်သိမ်းခင် ရီးရဲမက်ဒရစ် ကွင်းလယ်လူ ကက်စမဲရိုးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ ဒါပေမယ့် ဖော်လိုဝါ ( ၂ ) သိန်းကျော်ရှိတဲ့ […]

အသင်းဟောင်းက ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ် …

August 18, 2022 Wyne 0

စပို့တင်းလစ္စဘွန်းဟာမန်ချက်စတာယူနိုက်တက်စူပါစတား ခရစ္စတီယာနိုရော်ယ်ဒိုအားခေါ်ယူရေးအတွက်စတင်လှုပ်ရှားလာပါတယ်။ အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာချန်ပီယံလိဂ်ကစားလိုနေမှုနှင့်အတူ အိုးထရက်ဖို့ဒ်မှထွက်ခွာလိုနေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ရော်နယ်ဒိုဟာယခုနွေရာသီတွင်ကမ်းလှမ်းမှုတစ်စုံတစ်ရာ ရရှိသေးခြင်းမရှိသေးဘဲ အသင်းပြောင်းနိုင်ရေးရုန်းကန်နေရပါတယ်။ ယခုအခါမှာတော့စပို့တင်းလစ္စဘွန်းဟာကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုကိုအငှား(သို့မ ဟုတ်)အ ပြီးသတ်ဖြင့် ခေါ်ယူနိုင်ရေးအတွက်စတင်လုပ်ဆောင်လာပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာစပို့တင်းလစ္စဘွန်းအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၀၃ခုနှစ်တွင်ယူနိုက်တက်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။ Foot Mercato ကရော်နယ်ဒိုရဲ့ကစားဖော်ဟောင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအားကစားဒါရိုက်တာဟူဂိုဗီယာနာဟာ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကိုအသင်းသို့ခေါ်ယူရေးစတင် လုပ်ဆောင်နေပြီဖြစ်ကြောင်းဖော်ပြလာပါတယ်။ စပို့တင်းလစ္စဘွန်းဟာခရစ္စတီယာနိုရော်နယ်ဒိုအားယူနိုက်တက် မပေးနိုင်တဲ့ ချန်ပီယံလိဂ်ကစားခွင့်ပေးနိုင်ပါတယ်။ တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကလာမယ့်နှစ်ပတ်အတွင်းတွင် သူ့အနာဂတ်နှင့်ပတ်သက်ပြီးနောက်ကွယ်မှအမှန်တရားများကို […]

ဖီးလစ်ကို သန်း ၁၃၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် တီကိုရဲ့ လှောင်ပြောင်ခြင်းကိုပဲ ခံလိုက်ရတဲ့ ယူနိုက်တက်

August 18, 2022 Wyne 0

အက်သလက်တီကိုအသင်းဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားဂျာအိုဖိးလစ်အတွက် မန်ယူက ကမ်းလှမ်းလာတာကို ပယ်ချလိုက်ပြီးနောက် ဆိုရှယ်မီဒီယာထက်မှာ လှောင်ပြောင်မှုလုပ်လိုက်ပါတယ်။ မန်ယူဟာ ၂၂ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်ကစားသမားအတွက် ယူရိုသန်း ၁၃၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အဲဒါကို တီကိုက ပယ်ချလိုက်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့တာပါ။ အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ ဖီးလစ်ကို […]

နောက်ကွယ်က အဖြစ်မှန်တွေကို ဖွင့်ချပြတော့မယ့် ခရစ္စတီယာနို ရော်နယ်ဒို

August 18, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုက မကြာမီကာလအတွင်းတွင်သူ့အနာဂတ်နှင့်ပတ်သက်ပြီးနောက် နောက်ကွယ်မှဖြစ်ကြောင်းကုန်စင်အမှန်တရာများကိုဖွင့်ချလာတော့မှာ ဖြစ်ကြောင်းပြောကြားလာပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ချန်ပီယံလိဂ်ကစားလိုနေမှုနှင့်အတူယူနိုက်တက်မှထွက်ခွာလိုနေသူဖြစ်ပြီး အဲရစ်တန်ဟက်ကလည်းရောင်းချသွားမည်မဟုတ်ကြောင်းပြောကြားထားပါတယ်။ ဒါပေမဲ့နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအရယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသက်၃၇နှစ်ရှိရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုကိုလက်ခံသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ရော်နယ်ဒိုက “ရက်သတ္တပတ်အနည်းငယ်မှာအင်တာဗျူးမှာအမှန်တရားကို သူတို့သိလာရပါမယ်”လို့အင်စတာဂရမ်တွင်ရေးသားသွားပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်နွေရာသီတွင်ယူနိုက်တက်သို့ တကျော့ပြန်ရောက်လာခဲ့သူဖြစ်ပြီးယူနိုက်တက်နှင့်တစ်နှစ်စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင် အဆင့်၆နေရာမှာရပ်တည်နိုင်ခဲ့မှုကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါဘူး။ ၎င်းတို့ဟာလည်းယခုရာသီတွင်လည်းပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲ ရှုံးနိမ့်ထားမှုနှင့်အတူ၁၉၉၂-၉၃ရာသီနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေပါတယ်။ ရော်နယ်ဒိုရဲ့ယူနိုက်တက်ကစားဖော်ဟောင်းဂယ်ရီနဗီးလ်ကမူ နောက်ရက်သတ္တပတ်အနည်းငယ်အကြာတွင်မှအမှန်တရားကိုဖွင့်ဟမယ့် ရော်နယ်ဒိုရဲ့အစီအစဉ်ကိုဝေဖန်သွားပါတယ်။ […]

ဗြိတိန်ဘီလျှံနာ ဆာရက်ကလစ်ဖ် က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူမည်

August 18, 2022 Wyne 0

ဗြိတိန်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်ကမန်ချက်စတာယူနိုက်တက်ကို ဝယ်ယူလိုကြောင်းအတည်ပြုလာပါတယ်။ ဂလေဇာမိသားစုဘက်ယူနိုက်တက်ရဲ့ ရှယ်ယာအနည်းငယ်ကိုရောင်းချရန်စီစဉ်လာမှုနှင့်အတူဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်ရှယ်ယာအပြင် ကလပ်အလုံးစုံကိုဝယ်ယူလိုကြောင်း အတည်ပြုလာတာလည်းဖြစ်ပါတယ်။ ရက်ကလစ်ဖ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “တကယ်လို့ဒီကလပ်ကိုရောင်းမယ်ဆိုရင်တော့ဂျမ်ကဝယ်လက်ဖြစ်လာဖို့ ရှိတဲ့သူတစ်ဦးပါ။အခုလိုရှယ်ယာအချို့ကိုဝယ်ယူနိုင်မယ်ဆိုရင်လည်း ရေရှည်မှာပိုင်ရှင်ဖြစ်လာရေးရည်မှန်းချက်နဲ့ဝယ်ယူရေးဆွေးနွေးဖို့ စိတ်ဝင်စားပါတယ်”လို့ The Times သို့အတည်ပြုသွားပါတယ်။ ယူနိုက်တက်ဟာနည်းပြသစ်အဲရစ်တန်ဟက်ရဲ့လက်အောက်တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေး ဇယားအောက်ဆုံးတွင်ရပ်တည်နေပါတယ်။ ယင်းသို့ရာသီအစရလဒ် ဆိုးရွားမှုနှင့်အတူဂလေဇာမိသားစုဟာလည်းကလပ်အတွက် ရင်းနှီးမြှပ်နှံမှုပြုလုပ်မှုနည်းပါးခြင်းအတွက်အပြင်းအထန်ဝေဖန်မှုနှင့်ကြုံနေရပါတယ်။ ယူနိုက်တက်ဟာယခုနွေရာသီတွင်မာလာစီယာ၊မာတီနက်ဇ်နှင့် အဲရစ်ဆင်တို့သုံးဦးတည်းသာခေါ်ယူထားနိုင်ပြီးဖရန်ကီဒီဂျောင်ကို ခေါ်ယူရေးအတွက်လအတန်ကြာလုပ်ဆောင်လာမှုမှာလည်း အကောင်အထည်ပေါ်လာခြင်းမရှိသေးပါဘူး။တဖက်တွင် […]

ချယ်လ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်ကို အငှားနဲ့ခေါ်ယူသွားမယ့် ယူနိုက်တက်

August 18, 2022 Wyne 0

အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေတစ်ယောက်ပြီး တစ်ယောက် ပစ်မှတ်ထားနေတဲ့ ‘နာမည်ကြီးထမင်းငတ်’မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုဆိုရင် အယောက်(၂၀၀)မြောက်အဖြစ် ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမားပူလီဆစ်ကို အငှားနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေပြန်ပြီဖြစ်ပါတယ်။ ပူလီဆစ်ဟာ နည်းပြတူချယ်လ် လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရပြီး သူ့ကိုခေါ်ယူဖို့ နယူးကာဆယ်၊ အေစီမီလန်၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဒေ့ါမွန်အသင်းကနေ ချယ်လ်ဆီးကို […]