အီလွန်မက်စ်ရဲ့ နောက်ပြောင်မှုကြောင့် သရဲနီပရိသတ်တွေအကြီးအကျယ် အသည်းကွဲ

August 17, 2022 Wyne 0

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မက်စ်က မန်ယူအသင်းကို သူဝယ်တော့မယ်လို့ Twitter ပေါ်မှာ ကြေညာလိုက်တော့ ကမ္ဘာ့သတင်း စာမျက်နှာတွေထက်မှာ ပလူပျံသွားပါတယ်။ မန်ယူပရိသတ်တွေကလည်း ဒီသတင်းကိုကြားတော့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပမာ ဝမ်းသာလုံးဆို့ခဲ့ကြတာပါ။ ပရီမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေကိုရောက်နေတဲ့ သူတို့အသင်းအတွက် စိတ်ပျက်နေရချိန် အီလွန်မက်စ်ပြောတာဟာ သူတို့အတွက် အိုအေစစ်တစ်ခုလို ဖြစ်သွားပါတယ်။ ဒါ့အပြင် မန်ယူပရိသတ်တွေဟာ အသင်းရဲ့လက်ရှိ အခြေအနေအတွက် လက်ရှိပိုင်ရှင်ဖြစ်တဲ့ […]

စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့နဲ့ အဲရစ်တန်ဟက်၊ ကစားသမားတွေကြားမှာ တိုက်ပွဲဖြစ်နေ

August 17, 2022 Wyne 0

စီရော်နယ်လ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့ကတစ်ဖက် နည်းပြအဲရစ်တန်ဟက်နဲ့ကစားသမားသမားတွေကတစ်ဖက် တိုက်ပွဲဖြစ်နေကြပါတယ်။ စီရော်နယ်လ်ဒိုဟာ အခုနွေရာသီအပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် အသင်းပြောင်းခွင့်ရဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး အဲရစ်တန်ဟက်အပါအဝင် ယူနိုက်တက်ကစားသမားတွေက စီရော်နယ်လ်ဒိုရဲ့ ဆန္ဒအတိုင်း လက်လွှတ်လိုက်စေချင်ပေမယ့် ဂလေဇာမိသားစုကတော့ ဈေးကွက်အရ အသင်းအတွက်ငွေကြေးအမြတ်အစွန်းရှာပေးနိုင်တဲ့ စီရော်နယ်လ်ဒိုကို အသင်းမှာပဲ ဆက်ထားချင်နေပါတယ်။ အဲရစ်တန်ဟက်ဟာ အရင်က စီရော်နယ်လ်ဒိုကို ရောင်းမှာမဟုတ်ဘူးလို့ဆိုခဲ့ဖူးပေမယ့် အခုအချိန်မှာ […]

တပည့်ဟောင်း နစ္စတယ်ရွိုင်းရဲ့ ပွဲစဉ်ကို သွားရောက်အားပေးခဲ့တဲ့ ဆာအဲလက်စ်

August 17, 2022 Wyne 0

ရိန်းဂျားစ်နဲ့ ကစားခဲ့တဲ့ သူ့အသင်းပီအက်စ်ဗီရဲ့ပွဲမှာ ဆရာဟောင်း ဖာဂူဆန်လာကြည့်တဲ့အတွက် ဂုဏ်ယူခဲ့ရကြောင်း နစ္စတယ်ရွိုင်းက ဝန်ခံလိုက်ပါတယ်။ အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ ဒီရာသီမှာ ပီအက်စ်ဗီရဲ့နည်းပြသစ်အနေနဲ့ ခန့်အပ်ခံရတာဖြစ်ပြီး သူ့နည်းပြဘဝပထမဆုံးကိုင်တွယ်ရတဲ့အသင်းဖြစ်လာတာပါ။ နစ္စတယ်ရွိုင်းလက်ထက်ပီအက်စ်ဗီဟာ အကောင်းဆုံးရာသီတာ ထွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ နယ်သာလန်စူပါဖလားမှာ အေဂျက်ကို အနိုင်ရဗိုလ်စွဲခဲ့သလို နယ်သာလန်လိဂ်ဂ်မှာလည်း နိုင်ပွဲဆက်နေပြီး ချန်ပီယံလိဂ်ခြေစစ်ပွဲရဲ့ပြီးခဲ့တဲ့အဆင့်မှာလည်း လီဂူးကလပ်မိုနာကိုကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ […]

ရီးယဲလ်ကွင်းလယ်လူ ကတ်စ်မဲရိုးဘက်ကို မြားဦးလှည့်လာတဲ့ ယူနိုက်တက်

August 17, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရင်ဆိုင်နေရတဲ့ ကွင်းလယ်ပြဿနာကို ဖြေရှင်းဖို့အတွက် ရီးယဲလ်ကွင်းလယ်လူ ကတ်စမဲရိုးကို ခေါ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူဖရန်ကီဒီယွန်းကို ခေါ်ယူဖို့ အခုနွေရာသီ ကာလတစ်လျှောက်လုံး အသည်းအသန်ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ယူနိုက်တက်အသင်းကို မပြောင်းချင်တာကြောင့် အဆင်မပြေခဲ့သလို အခု ချယ်လ်ဆီးအသင်းက ဒီယွန်းကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ […]

” မန်ချက်စတာ ယူနိုက်တက်ကို ကျွန်တော်ဝယ်နေပါပြီ ” အီလွန်မက်စ်

August 17, 2022 Wyne 0

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်စ်က ယူနိုက်တက်အသင်းကို သူဝယ်နေပြီလို့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ကြေညာမောင်း ခတ်လိုက်ပါတယ်။ သူက တခြားဘာအသေးစိတ်မှ မပြောဘဲ အဲဒီလိုပဲ Tweet လိုက်တာပါ။ ဒါပေမဲ့ အီလွန်မက်စ်ဟာ အရင်ကလည်း Twitter ပေါ်မှာ သမားရိုးကျမဟုတ်တာတွေ တင်တတ်ပြောတတ်ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အသင်းကို သူဝယ်ဖို့ […]

စီရော်နယ်လ်ဒိုကို ဂရစ်ဇ်မန်း ဒါမှမဟုတ် မိုရာတာနဲ့ အလဲအထပ်လုပ်ခေါ်ယူဖို့ အက်သလက်တီကိုဆန္ဒရှိ

August 17, 2022 Wyne 0

အက်သလက်တီကိုအသင်းဟာ မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို သူတို့ရဲ့ကစားသမား နှစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်း၊ မိုရာတာတို့ထဲက တစ်ဦးဦးနဲ့အလဲအထပ်လုပ် ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ စီရော်နယ်လ်ဒိုနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းက အခုနွေရာသီအစောပိုင်းကာလကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အက်သလက်တီကိုပရိသတ်တွေကတော့ တစ်ချိန်က ရီးယဲလ် ကစားသမားဖြစ်ခဲ့ဖူးတဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူမယ့်ကိစ္စအပေါ် ခါးခါးသီးသီးဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း […]

ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး အလွတ်နဲ့ ထွက်ခွာခွင့်ပြုမယ်

August 17, 2022 Wyne 0

The Telegraph ရဲ့ ဘောလုံးသတင်းထောက်ချုပ် ဂျေဆင်ဘတ်ရဲ့ သတင်းဖော်ပြချက်အရ ရော်နယ်ဒိုက တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့ သူရဲ့ စာချုပ်ကို ယူနိုက်တက်အသင်းဘက်က ဖျက်သိမ်းပေးပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ တကယ်လို့ ရော်နယ်ဒိုအနေနဲ့ သူပြောင်းရွှေ့ဖို့ ကလပ်အသင်းသစ် ရှာဖွေနိုင်ခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒိုရဲ့ ဆန္ဒကို ယူနိုက်တက်ဘက်က […]

” ယူနိုက်တက်အသင်းဟာ ကစားသမားတွေအတွက် သင်္ချိုင်းဖြစ်နေပြီ ” _ နဗီးလ်

August 17, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က သူ့ရဲ့အသင်းဟောင်းဟာ ဘောလုံးသမားတွေအတွက် သင်္ချိုင်းတစ်ခုလိုဖြစ်နေပြီလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ခေတ်နောက်ပိုင်း ၂၀၁၃ ခုနှစ်ကတည်းက လက်ရှိအချိန်အထိ ကစားသမား(၃၃)ဦးကိုခေါ်ယူခဲ့ပြီး ပေါင်(၁)ဘီလီယံကျော်အထိသုံးစွဲခဲ့ပေမယ့် အသင်းက အောင်မြင်မှုနဲ့ဝေးကွာနေဆဲပါပဲ။ ယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေသလို ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေတာ (၉)နှစ်အထိရှိနေပါပြီ။ အဲဒါကြောင့် ဂယ်ရီနဗီးလ်က […]

ရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ကနေ နွေရာသီမှာ ထွက်ခွာခွင့်ပေးမယ်

August 16, 2022 Wyne 0

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ဘက်ကသူ့အတွက်ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားလာတော့မှာဖြစ်လို့အိုးထရက်ဖို့ဒ်မှထွက်ခွာလာနိုင်ဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာချန်ပီယံလိဂ်ကစားလိုမှုနှင့်အတူ နွေရာသီအစောပိုင်းကတည်းက အသင်းပြောင်းလိုကြောင်းယူနိုက်တက်ကိုအသိပေးထားပါတယ်။ ယူနိုက်တက်ဟာယခုရာသီအစတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက် ရှုံးနိမ့်ထားပြီးအသက်၃၇နှစ်ရှိကစားသမားရဲ့အသင်းပြောင်းခွင့် တောင်းဆိုထားမှုကအသင်းအပေါ်ရိုက်ခတ်လျက်ရှိနေမှုနှင့်အတူ သူ့အတွက်ကမ်းလှမ်းမှုများကိုနားထောင်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။ ယူနိုက်တက်ဟာအပြောင်းအရွှေ့ဈေးကွက်ပိတ်ရန်နှစ်ပတ်သာလိုတော့တဲ့ ကာလအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုရောင်းချကာအက်သလက်တီကိုမှ တိုက်စစ်သမားမားသီးယပ်စ်ကန်ဟာကိုခေါ်ယူရန်ကြိုးပမ်းနေပါတယ်။ ယူနိုက်တက်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်၁ဂိုးတည်းသာ ရထားပြီးယင်းတစ်ဂိုးမှာလည်းပြိုင်ဘက်ကစားသမားရဲ့ Own Goal မှတစ်ဆင့် ရရှိထားတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာအသက်၂၃နှစ်ရှိအက်သလက်တီကို တိုက်စစ်သမားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၄၀ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။ ဘရာဇီးတိုက်စစ်သမားဟာပြီးခဲ့တဲ့နှစ် နွေတုန်းကအက်သလက်တီကိုသို့ပေါင်၂၄သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီတုန်းကအက်သလက်တီကိုအတွက်လာလီဂါပွဲ၂၉ပွဲ ကစားရာမှာ၆ဂိုးတည်းသာသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ […]

တီကို တိုက်စစ်မှူးကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းမယ်

August 16, 2022 Wyne 0

မန်ယူအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှုးမားသီးယက်စ်ကွန်ဟာကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီဘရာဇီးသားဟာ ပြီးခဲ့တဲ့နှစ်နွေကမှ တီကိုဆီ ပြောင်းလာတာဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းဖို့ စိတ်ဝင်စားနေတာကို ယူနိုတက်ဘုတ်အဖွဲ့ကလည်း သိထားတာပါ။ ငွေကြေးလိုအပ်ချက်ရှိနေတဲ့အက်သလက်တီကိုဟာ ဒီနွေမှာ ကစားသမားတွေရောင်းချဖို့လိုနေပြီး အဲဒီအတွက် မိုရာတာကို ယူနိုက်တက်ဆီကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ မန်ယူကတော့ ၂၃ […]