
ချန်ပီယံလိဂ်ကစားခွင့်ဆုံးရှုံးထားတဲ့ ယူနိုက်တက်ကို ငြင်းပယ်လိုက်တဲ့ ဒါဝင် နူနက်ဇ်
ဂိုးသွင်းစက် စီရော်နယ်ဒိုရှိနေပေမယ့် မန်ယူဟာ ဈေးကွက်ထဲမှာ တိုက်စစ်မှုးတစ်ယောက်ရှာဖွေနေတာပါ။ အဲဒီ ၃၇ နှစ်သားက စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့အတွက် ကလပ်ဟာ ရေရှည်အတွက် စဉ်းစားပြီး တိုက်စစ်မှုးတစ်ယောက်ခေါ်ချင်နေတာဖြစ်ပါတယ်။ မန်ယူစိတ်ဝင်စားနေတဲ့ တိုက်စစ်မှုးတစ်ယောက်ကတော့ ဘင်ဖီကာ ဒါဝင်နူနက်ဇ်ပါ။ ဒီရာသီချန်ပီယံလိဂ်မှာ ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့ အဲဒီဥရုဂွေးသားကို ဥရောပထိပ်တန်းအသင်းအတော်များများက မျက်စိကျနေကြပါတယ်။ နာမည်ကြီးအပြောင်းအရွှေ့ကျွမ်းကျင်သူဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း […]