“Prison Break ” မင်းသားပုံ တတ်တူးထိုးပြီး အပီကြမ်းမယ့် သရဲနီကြယ်ပွင့်

လူငယ် ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ အယ်လ်ဟန်ဒရို ဂါနာချိုဟာ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ရေယို ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲစဉ်မှာ

သရဲနီ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံကနေ

လာလီဂါကလပ်ရဲ့ နောက်ခံလူတွေကို တစ်ယောက်ပြီး တစ်ယောက်ဖြတ်ကျော်ပြီး

အသင်းဖော်တွေထံ ဖန်တီပေးမှု ပြုလုပ်ပုံတွေက အားရစရာကောင်းလှပါတယ်။

ပရီးမီးယားလိဂ်ရာသီအဖွင့်ကာလမှာတော့ ယူနိုက်တက်က ရလာဒ်တွေ

ဆိုးရွားနေပြီး ( ၂ ) ပွဲဆက် ရှုံးနိမ့်ထားတဲ့အတွက် ဂါနာချိုလို လူငယ်

ကစားသမားတွေအတွက် အခွင့်အရေးရဖို့ မလွယ်တော့ပါဘူး။

ဒါပေမယ့် ဘရိုက်တန်ကို ( ၂-၁ ) အ‌ရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့

လူစားဝင် ကစားခွင့်ရခဲ့ပါသေးတယ်။ မိုင်ယာသတင်းဌာနကနေ မကြာသေးမီက

ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်အရ ဂါနာချိုကို အင်္ဂလန် ၊ စပိန် ၊ ဂျာမနီ ၊

အီတလီ နှင့် စကော့တလန်မှာ ရှိတဲ့ ကလပ်အသင်း ( ၂၀ ) က စိတ်ဝင်စားနေကြောင်း

သိရပါတယ်။ ဒါပေမယ့် ဂါနာချိုရဲ့ ပရိသတ်တစ်ဦးဖြစ်သူ နည်းပြ အဲရစ် တင်ဟာ့ခ်က

ကစားသမားရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ် လူငယ် ကြယ်ပွင့်ဟောင်းဟာ လွန်ခဲ့တဲ့

( ၁၂ ) နာရီလောက်က သူ့ရဲ့ အင်စတာဂရမ် စတိုရီကနေ နာမည်ကျော်

“ Prison Break” ဇာတ်လမ်းတွဲရဲ့ မင်းသားတွေဖြစ်တဲ့ မိုက်ကယ် စကိုဖီးလ် ၊

လင်ကွန်း ၊ T-Bag တို့ရဲ့ ပုံတွေကို ညာဘက်လက်မောင်းမှာ တက်တူး

ထိုးတားတဲ့ ဓာတ်ပုံအား ဝေမျှခဲ့တာတွေ့ရပါတယ်။ Daniel Medrano Fernandez

ဆိုတဲ့ တက်တူး အနုပညာရှင်က ဂါနာချိုအတွက် အဆိုပါ တက်တူးတွေကို

ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဂါနာချိုအနေနဲ့ ယူနိုက်တက်မှာပဲ ဆက်နေပြီး

ရလာတဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချမလား ၊ ဒါမှမဟုတ်

ပုံမှန်ကစားခွင့်ရအောင် အငှားပြောင်းရွေ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

zawgyi

“Prison Break ” မင္းသားပုံ တတ္တူးထုိးၿပီး အပီၾကမ္းမယ့္ သရဲနီၾကယ္ပြင့္

လူငယ္ ၾကယ္ပြင့္ ကစားသမားတစ္ဦးျဖစ္တဲ့ အယ္လ္ဟန္ဒ႐ို ဂါနာခ်ိဳဟာ

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေရယို ဗယ္လက္ကာႏိုနဲ႔ ေျခစမ္းပြဲစဥ္မွာ

သရဲနီ ပရိသတ္ေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ဘယ္ေတာင္ပံကေန

လာလီဂါကလပ္ရဲ႕ ေနာက္ခံလူေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ျဖတ္ေက်ာ္ၿပီး

အသင္းေဖာ္ေတြထံ ဖန္တီေပးမႈ ျပဳလုပ္ပုံေတြက အားရစရာေကာင္းလွပါတယ္။

ပရီးမီးယားလိဂ္ရာသီအဖြင့္ကာလမွာေတာ့ ယူႏိုက္တက္က ရလာဒ္ေတြ

ဆိုး႐ြားေနၿပီး ( ၂ ) ပြဲဆက္ ရႈံးနိမ့္ထားတဲ့အတြက္ ဂါနာခ်ိဳလို လူငယ္

ကစားသမားေတြအတြက္ အခြင့္အေရးရဖို႔ မလြယ္ေတာ့ပါဘူး။

ဒါေပမယ့္ ဘ႐ိုက္တန္ကို ( ၂-၁ ) အ‌ေရးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာေတာ့

လူစားဝင္ ကစားခြင့္ရခဲ့ပါေသးတယ္။ မိုင္ယာသတင္းဌာနကေန မၾကာေသးမီက

ေဖာ္ျပလာတဲ့ သတင္းတစ္ပုဒ္အရ ဂါနာခ်ိဳကို အဂၤလန္ ၊ စပိန္ ၊ ဂ်ာမနီ ၊

အီတလီ ႏွင့္ စေကာ့တလန္မွာ ရွိတဲ့ ကလပ္အသင္း ( ၂၀ ) က စိတ္ဝင္စားေနေၾကာင္း

သိရပါတယ္။ ဒါေပမယ့္ ဂါနာခ်ိဳရဲ႕ ပရိသတ္တစ္ဦးျဖစ္သူ နည္းျပ အဲရစ္ တင္ဟာ့ခ္က

ကစားသမားရဲ႕ အနာဂတ္အတြက္ ဆုံးျဖတ္ရျခင္း မရွိေသးေၾကာင္း သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္ လူငယ္ ၾကယ္ပြင့္ေဟာင္းဟာ လြန္ခဲ့တဲ့

( ၁၂ ) နာရီေလာက္က သူ႔ရဲ႕ အင္စတာဂရမ္ စတိုရီကေန နာမည္ေက်ာ္

“ Prison Break” ဇာတ္လမ္းတြဲရဲ႕ မင္းသားေတြျဖစ္တဲ့ မိုက္ကယ္ စကိုဖီးလ္ ၊

လင္ကြန္း ၊ T-Bag တို႔ရဲ႕ ပုံေတြကို ညာဘက္လက္ေမာင္းမွာ တက္တူး

ထိုးတားတဲ့ ဓာတ္ပုံအား ေဝမွ်ခဲ့တာေတြ႕ရပါတယ္။ Daniel Medrano Fernandez

ဆိုတဲ့ တက္တူး အႏုပညာရွင္က ဂါနာခ်ိဳအတြက္ အဆိုပါ တက္တူးေတြကို

ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ ဂါနာခ်ိဳအေနနဲ႔ ယူႏိုက္တက္မွာပဲ ဆက္ေနၿပီး

ရလာတဲ့ အခြင့္အေရးေတြကို အမိအရ အသုံးခ်မလား ၊ ဒါမွမဟုတ္

ပုံမွန္ကစားခြင့္ရေအာင္ အငွားေျပာင္းေရြ႕မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။