M Diary Channel
Local and Sport News
PSG နဲ့ အသင်းဟောင်းလိုင်ယွန်တို့က ခေါ်ယူဖို့ပစ်မှတ်ဖြစ်နေတဲ့ ပြင်သစ်ကတုံး
မန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာဖို့ နီးစပ်နေတဲ့ ပြင်သစ်တိုက်စစ်
ကစားသမားမာစီယဲလ်ကိုခေါ်ယူဖို့ PSG နဲ့ သူ့အသင်းဟောင်း လိုင်ယွန်အသင်းတို့က
ပစ်မှတ်ထားနေပါတယ်။ မာစီယဲလ်ဟာ လိုင်ယွန်အသင်းအကယ်ဒမီကနေ
ထွက်ပေါ်ခဲ့တဲ့ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက်(၄)ပွဲကစားခဲ့ဖူးသလို
၂၀၁၃ ခုနှစ်မှာ မိုနာကိုအသင်းဆီပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
အခု လိုင်ယွန်အသင်းက သူတို့ကစားသမားဟောင်းမာစီယဲလ်ကို လာမယ့်
ဇန်နဝါရီလအတွင်း အငှားနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်ဆိုပြီး RMC ဝက်ဘ်ဆိုက်က
ဖော်ပြခဲ့ပါတယ်။ PSG အသင်းကလည်း ဒီရာသီကုန်ကျရင် စာချုပ်သက်တမ်း
ပြည့်မယ့် သူတို့ရဲ့နာမည်ကျော်ကစားသမား ဘာပေရဲ့နေရာမှာအစားထိုးဖို့အတွက်
မာစီယဲလ်ကို ပစ်မှတ်ထားနေတာပါ။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ
မာစီယဲလ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ (၂)ပွဲသာပွဲထွက်ကစားခွင့်ရခဲ့သလို
ချန်ပီယံလိဂ်မှာလည်း စုစုပေါင်း(၆၇)မိနစ်သာကစားခဲ့ရပြီး ယာယီနည်းပြ
ရန်နစ်ခ်လက်ထက်မှာလည်း ပုံမှန်ကစားခွင့်ရဖို့မလွယ်တာကြောင့်
မာစီယဲလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်အသင်းနဲ့
လမ်းခွဲဖို့ဆန္ဒရှိနေတယ်လို့ အသင်းတာဝန်ရှိသူတွေကို အသိပေးပြောဆိုခဲ့ပါတယ်။
zawgyi
mdiarymm