Puma အတွက် မော်ဒယ်အကြီးစားဖြစ်လာတဲ့ သရဲနီအချစ်တော်ဝိန်းရဲ့ သားကြီး ကိုင်ရွန်းနီ

ဝိန်းရွန်းနီရဲ့သားကြီးကိုင်ရွန်းနီဟာအသက်၁၂နှစ်အရွယ်တွင်

Pumaနှင့်စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်

Puma အတွက်မော်ဒယ်လုပ်လာပါတယ်။ မန်ချက်စတာယူနိုက်တက်

အကယ်ဒမီစတားဟာအဖြူရောင်အားကစားဖိနပ်သစ်ကို ကြိုးစည်းနေတဲ့

ပုံစံဖြင့် မော်ဒယ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်

အကယ်ဒမီကစားသမားဟာ Puma ရဲ့Back To School” အစီအစဉ်အဖြစ်

ပရိသတ်၅၉၀၀ရှိသူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ဓာတ်ပုံများ

တင်လာတာဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့လတုန်းကPuma နှင့်

စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူဟာဖခင်ဖြစ်သူ

ဝိန်းရွန်းနီရဲ့ကွင်းတွင်း/ကွင်းပြင်အောင်မြင်မှုကိုခြေရာနင်းရန်

စတင်ခြေလှမ်းလှမ်းနေပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဖခင်ဝိန်းရွန်းနီက Nike စပွန်ဆာရယူထားသူဖြစ်ပါတယ်။

ရွန်းနီဟာယူနိုက်တက်အတွက်၂၅၃ဂိုးသွင်းကာကလပ်သမိုင်းတွင်

ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ကိုင်ရွန်းနီဟာလည်းပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်ယူ-၁၂

အသင်းအတွက်၅၆ဂိုးအထိသွင်းပြနိုင်ခဲ့ပါတယ်။

zawgyi

Puma အတြက္ ေမာ္ဒယ္အႀကီးစားျဖစ္လာတဲ့ သရဲနီအခ်စ္ေတာ္ဝိန္းရဲ႕ သားႀကီး ကိုင္႐ြန္းနီ

ဝိန္း႐ြန္းနီရဲ႕သားႀကီးကိုင္႐ြန္းနီဟာအသက္၁၂ႏွစ္အ႐ြယ္တြင္

Pumaႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္

Puma အတြက္ေမာ္ဒယ္လုပ္လာပါတယ္။ မန္ခ်က္စတာယူႏိုက္တက္

အကယ္ဒမီစတားဟာအျဖဴေရာင္အားကစားဖိနပ္သစ္ကို ႀကိဳးစည္းေနတဲ့

ပုံစံျဖင့္ ေမာ္ဒယ္လုပ္ခဲ့တာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္

အကယ္ဒမီကစားသမားဟာ Puma ရဲ႕Back To School” အစီအစဥ္အျဖစ္

ပရိသတ္၅၉၀၀ရွိသူ႔ရဲ႕အင္စတာဂရမ္အေကာင့္ကေန ဓာတ္ပုံမ်ား

တင္လာတာျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့လတုန္းကPuma ႏွင့္

စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။သူဟာဖခင္ျဖစ္သူ

ဝိန္း႐ြန္းနီရဲ႕ကြင္းတြင္း/ကြင္းျပင္ေအာင္ျမင္မႈကိုေျခရာနင္းရန္

စတင္ေျခလွမ္းလွမ္းေနၿပီလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဖခင္ဝိန္း႐ြန္းနီက Nike စပြန္ဆာရယူထားသူျဖစ္ပါတယ္။

႐ြန္းနီဟာယူႏိုက္တက္အတြက္၂၅၃ဂိုးသြင္းကာကလပ္သမိုင္းတြင္

ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

ကိုင္႐ြန္းနီဟာလည္းၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္ယူ-၁၂

အသင္းအတြက္၅၆ဂိုးအထိသြင္းျပႏိုင္ခဲ့ပါတယ္။