M Diary Channel
Local and Sport News
Ralf Rangnick ရောက်ရှိလာမှုကနေ အကျိုးအမြတ်ရမယ့် ကစားသမား ( ၃ ) ဦး
မန်ချက်စတာ ယူနိုက်တက်ဟာ ယာယီနည်းပြအဖြစ် Ralf Rangnick ကို
ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Rangnick ဟာ လိုက်လျောညီထွေမှုရှိတဲ့
နည်းစနစ်ဆရာကြီးဖြစ်ပြီး ကစားသမားတွေထံကနေ အကောင်းဆုံး
စွမ်းဆောင်ရည် ရရှိဖို့ ကြိုးစားလေ့ရှိသူဖြစ်ပါတယ်။
ဒါကြောင့် Rangnick ရဲ့ စီမံခန့်ခွဲမှုကနေ အကျိုးအမြတ်ရနိုင်တဲ့
ကစားသမား ( ၃ ) ဦးကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ဒွန်နီ ဗန်ဒီဘိ
ဒွန်နီ ဗန်ဒီဘိက Rangnick ရဲ့ နည်းစနစ်မှာ အံဝင်နိုင်တဲ့ ကစားသမား
တစ်ဦးဖြစ်ပါတယ်။ ဒတ်ချ်ကစားသမားရဲ့ အရည်အချင်းတွေက
အသုံးဝင်လာပါလိမ့်မယ်။ ယာယီနည်းပြအနေနဲ့ ဆိုးရှားလက်အောက်မှာ
တုန်းကလိုမဖြစ်အောင် ကွင်းလယ်ကစားသမားကို အကောင်းဆုံး
ပဲ့ကိုင်သွားဖို့ရှိနေပါတယ်။ Rangnick အနေနဲ့ ( ၄-၂-၂-၂ ) ပုံစံ ကစားရတာ
ကြိုက်ပြီး အဆိုပါ ကစားကွက်က ဗန်ဒီဘိကို သူ့ရဲ့ စိတ်ကြိုက်နေရာမှာ
ပါဝင်ခွင့်ရစေနိုင်ပါတယ်။ ယခုနည်းပြ ခန့်အပ်မှုက ဗန်ဒီဘိရဲ့ ယူနိုက်တက်
ကစားသမားဘဝ အကောင်းဆုံးဖြစ်လာဖို့ လိုအပ်နေတဲ့အရာဖြစ်ပါတယ်။
( ၂ ) ဂျေဒန် ဆန်ချို
ဂျေဒန် ဆန်ချိုက ဘွန်ဒက်စ်လီဂါမှာ ကစားခဲတဲ့အတွက် Rangnick အနေနဲ့
တောင်ပံကစားသမားရဲ့ အရည်အချင်းတွေကို သိရှိထားပြီးဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းကာလအတွင်း ဆန်ချိုက ဂျာမာန်ဖလား ဖိုင်နယ်မှာ
Rangnick တာဝန်ယူ အလုပ်လုပ်နေတဲ့ လိုက်ဇစ်အသင်းဘက်ကို
ဂိုးသွင်းယူခဲ့တာကြောင့် အနည်းငယ်စိတ်ပျက်သွားခဲ့နိုင်ပါတယ်။
ဆန်ချိုက ပင်ကိုအရည်အချင်းပြည့်ဝတဲ့ ကစားသမားဖြစ်ပြီး Rangnick အနေနဲ့
သူ့ကို အကောင်းဆုံးအသုံးချနိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။
ဆန်ချိုဟာ ယူနိုက်တက်မှာ အထနှေးနေပေမယ့် လွန်ခဲ့တဲ့အပတ်အတွင်း
တိုးတက်မှုတွေ ရှိလာပြီး ဘွန်ဒက်စ်လီဂါမှာ ( ၃ ) နှစ်တာ ကျင်လည်ခဲ့
တာကြောင့် ဂျာမာန်ကစားဟန်တွေနဲ့ ရင်းနှီးနေတဲ့ နည်းပြထံကနေ
အကျိုးအမြတ်ရနိုင်ပါတယ်။
( ၃ ) မေဆန် ဂရင်းဝုဒ်
Rangnick ဟာ လူငယ်ကစားသမားတွေကို တိုးတက်အောင်ကူညီပေးတဲ့
နေရာမှာ ထူးချွန်တဲ့သူဖြစ်ပြီး မေဆန် ဂရင်းဝုဒ်လို အကြမ်းထည်ကို
အချောသတ်ပေးနိုင်မယ့် အခွင့်အရေးကို သဘောကျမှာ သေချာပါတယ်။
နည်းပြအနေနဲ့ ဂရင်းဝုဒ်ကို တိုက်စစ်မှူးတစ်ဦးအဖြစ် ပိုမိုတိုးတက်လာစေဖို့
အားစိုက်လာဖွယ်ရှိနေပြီး ပိုမိုပါးနပ်တဲ့ ၊ ပိုမိုကြိုးစားတဲ့ ကစားသမားြ
ဖစ်လာစေပါလိမ့်မယ်။ ဂရင်းဝုဒ်ဟာ ဆိုးရှားလက်အောက်မှာ သူ့ရဲ့
တိုးတက်မှုရပ်တန့်နိုင်တဲ့ စိုးရိမ်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက် ပရိသတ်တွေအနေနဲ့လည်း Rangnick က ဆန်ချို ၊
ဂရင်းဝုဒ်တို့အပေါ် အခြေခံပြီး အသင်းကိုတည်ဆောက်လာနိုင်တဲ့အပေါ်
သဘောကျကြပါလိမ့်မယ်။
zawgyi
( ၁ ) ဒွန်နီ ဗန်ဒီဘိ
တစ်ဦးဖြစ်ပါတယ်။ ဒတ်ခ်ျကစားသမားရဲ့ အရည်အချင်းတွေက
( ၂ ) ဂျေဒန် ဆန်ချို
( ၃ ) မေဆန် ဂရင်းဝုဒ်
အားစိုက်လာဖွယ်ရှိနေပြီး ပိုမိုပါးနပ်တဲ့ ၊ ပိုမိုကြိုးစားတဲ့ ကစားသမာြး
သဘောကျကြပါလိမ့်မယ်။mdiarymm
mdiarymm